အိပ်မက်မက်တိုင်းမှာ..
ခမ်းနားတဲ့နန်းတော်ကြီးစီ..ရောက်လို့သွား..
ဆန်းပြားတဲ့တေးသံများရဲ့ကြား.. မင်းသမီးလေးအား..
ဖူးမျှော်ခွင့်ရ..
ပြောပေးပါ.. ဂစ်တာ..
မင်းလေးဟာ.. ငါရဲ့မိုနာလီဇာ..
တော်ဝင်သီချင်းနဲ့.. ငါရောက်လာ..
အခါမလင့်ခင်.. ဆက်သ..
♪♪♪
ဒဏ္ဏာရီ ညမင်းအမိန့်နဲ့အပါးတော်က.. ခစား..
ငါ့ရဲ့သီချင်းနဲ့ မှေးစက်ခါထား..
လရိပ်မှာချော့သိပ်အိပ်တော့မလား..
ချစ်သူစောင့်စား.. အာရုံမိုးသောက်ယံထိအောင်..
မင်းရဲ့ခြေရင်း.. ငါလေအိပ်စက်ခြင်းတွေ
စောင့်ရှောက်ပေးမယ်..တေးဖွဲ့ရင်း..
ယူဆောင်နှင်းအပ်မယ်.. ငါ့ချစ်ခြင်းတွေ..
မပြီးဆုံးဘူးဟေ့.. နတ်မိမယ်လေး..
နားဆင်ရင်း.. သာယာပျော်ရွင်နိုင်ပါစေ..
နတ်က္ခတ်တွေဝိုင်းဖွဲ့.. မင်းစက်ရာခန်းဆောင်ထက်မှာ..
စိမ်းပြာလဲ့... ပိုးသားဇာ.. ၀တ်ရုံလွမ်းခြုံတဲ့..
မင်းသမီးငယ်ရဲ့.. တေးအမှုတော်ထမ်းရွက်..
ပန်းနုရောင်ပါးပြင်ထက်.. အစိမ်းသက်သက်..
တိမ်းမူးခဲ့တာ.. ရူးပြီကွယ်..
ရွှေသားအတိပြီးတဲ့.. အိပ်မက်များ..
ပျောက်ရှမယ်လို့.. ငါ့စိတ်မှာဆိုးတာ.. ဆိုး..
♪♪♪
ဒဏ္ဏာရီ ညမင်းအမိန့်နဲ့အပါးတော်က.. ခစား..
ငါ့ရဲ့သီချင်းနဲ့ မှေးစက်ခါထား..
လရိပ်မှာချော့သိပ်အိပ်တော့မလား..
ချစ်သူစောင့်စား.. အာရုံမိုးသောက်ယံထိအောင်..
မင်းရဲ့ခြေရင်း.. ငါလေအိပ်စက်ခြင်းတွေ
စောင့်ရှောက်ပေးမယ်..တေးဖွဲ့ရင်း..
ယူဆောင်နှင်းအပ်မယ်.. ငါ့ချစ်ခြင်းတွေ..
မပြီးဆုံးဘူးဟေ့.. နတ်မိမယ်လေး..
နားဆင်ရင်း.. သာယာပျော်ရွင်နိုင်ပါစေ..
♪♪♪
Download Link - Mirror
0 comments:
Post a Comment