Saturday, February 20, 2010

နေခဲ့တော့

တေးရေး - လင်းလင်း

မမေ့လိုက်နဲ့ သတိတစ်ချက်တော့ပေးချင်ရဲ့
ဘ၀အိုတွေ အတိတ်မှာ ရှိတယ်
ရိုးလွန်းတဲ့ အိပ်မက်တို့ မေ့ပစ်လိုက်
ငါတို့အတူတူ ရှေ့ကို လှမ်းဖို့

ယဉ်ယဉ်လေးပဲ

တေးရေး - မောင်မောင်ဇော်လတ်

ဒေါသတွေထဲ မြောသွားရင်လည်း သဘောကျပါတယ် ပြုံးပြဆဲပဲ
ပြောသမျှတွေနဲ့ ရောချနေလည်း မမောပန်းပါဘူး မင်းရဲ့သဘောပဲ
ယဉ်ယဉ်လေးပဲ မင်းကြောင့်ရူးပြီလား

ဝေး

တေးရေး - လင်းလင်း

မင်းမျက်နှာလေး.. မျှော်လင့်တုန်း..
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း..
ပြန်မဆုံနိုင်အောင်တို့တွေ.. အဝေးဆုံး ဝေး..
ပင်လယ်ပြင်ကျယ်တွေ တံတိုင်းများခြား ဝေး..

Thursday, February 18, 2010

ဓာတ်ပြားဟောင်းကြီး

တေးရေး - ရယ်ဂျီ

စကားတစ်ခွန်းကို အခါခါ မပြောချင်စမ်းနဲ့
နားကွဲမယ် တော်ပါတော့ နင်ရှေ့ဆက်ပြီးမပြောနဲ့
မင်းရှေ့မှာ ထားဖူးသမျှ ရည်းစားတွေ အကုန်ဖြတ်ပြီးပြီ
မင်းသိအောင် အကြိမ်တစ်ရာမက ငါပြောခဲ့ပြီးပြီ

ပြန်လာချိန်လေး

တေးရေး - လင်းလင်း

လမ်းခရီးများ အဆုံးထိ မရောက်ခင်
လေထဲက အိမ်ငယ်လေး လဲပြိုပြီ
စတေးခဲ့သမျှ တစ်ခုမှ အဖတ်မတင်
မှန်းထားသမျှ အရာရာ နောက်ကျကုန်ပြီ

နိစ္စဓူဝ

တေးရေး- လင်းလင်း

အသက်တရက်ကြီးဖို့မိုးလင်းခဲ့
ဦးခေါင်းထဲ မှိုတတ်ရင်းနဲ့
မျက်စိမှိတ်ဖို့ တစ်ရက်နီးကပ်
အားလုံး တစ်ရက်တစ်ရက် ချို့ယွင်းခဲ့
တွေ့လိုက် ပျောက်လိုက် မေ့လိုက်နဲ့
ဘ၀ရဲ့ဇောထဲ လွင့်မျောခဲ့

Friday, January 22, 2010

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်

တေးရေး - မောင်မောင်ဇော်လတ်

နင်ရယ်ငါရယ် အခုတလောထဲ..
အဆင်မပြေတာတွေ.. သိပ်များတယ်..
စကားလေးတစ်ခွန်းမှာ.. အထအနကောက်တာ..
ခဏခဏပဲ..
ငါကအဖြူဆို.. နင်ကအမဲ..
ဘာမဆိုတိုင်ပင်လိုက်တိုင်းပဲ..
အကြောင်းမရှိအကြောင်းရှာ..
ငါ့ရဲ့အပြစ်သာ.. နင်မြင်နေခဲ့..

နားနားပြီးပြော

တေးရေး - မောင်မောင်ဇော်လတ်

မကျေနပ်တာကြုံတဲ့အခါ.. ပြန်ပြောရင်ရိုင်းတယ်ပြောမယ်..
မြင်မကောင်းတာ.. ရင်နင့်စရာ.. စုံလုံးသာကန်းချင်တော့တယ်..
ဒီပုပ်နဲ့ ဒီပဲ.. နဲ့.. အဟုတ်ကြီးကို.. လက်ခုတ်တီးတယ်..
ဒီအရပ်နဲ့ဒီဇာတ်နဲ့.. မနေတတ်တော့.. အဆဲခံရမယ်..

ဝိုး.. ကို့ယို့ကားယား.. ၀ိုး..

ဆက်ရန်မရှိ

နောက်ဆုံးတွေ့ဆုံခြင်း.. နောက်ဆုံးနေ့ရက်များ..
နောက်ထပ်မရတော့ဘူး.. ငါတို့ဝေးသွားကြပြီပဲ..
ဟိုတစ်ချိန်အရင်တုန်းက.. ငါလိုချင်တဲ့ဘ၀..
တွေးရင်းနဲ့ဆွေး..
ငါချစ်ခဲ့လေသမျှ.. ငါ့ကိုချည်သောကြိုး..
ဖြတ်ဖို့ခက်နေလည်း.. ငါကြိတ်မှိတ်ခံစားဦး..
ကံကြမ္မာရဲ့ဓါးအောက်.. ကိုယ်တိုင်လည်စင်းပေး..
ငါ့ကိုဘယ်သူမြင်မလဲ..

Monday, January 4, 2010

မသိခြင်းအချစ်

ပင်လယ်ရေ လည်း ချိုမြိန်နေဆဲ..
လွယ်မလိုလိုနဲ့ခက်နေ.. မေးခွန်းများစွာလား..
ရိုးသားခဲ့သူ... စဉ်းစားလွန်းသူ..
ငြိမ်ငြိမ်နေလည်း.. ဘ၀မှာ..အများကြီးရနေခဲ့တယ်..