Monday, November 23, 2009

အရင်အတိုင်းပဲမင်းကိုချစ်တယ်

ရီဝေသော.. မင်းမျက်ဝန်းရဲ့အကြည့်တွေထဲ..
အလွမ်းရထားလေးစိုက်ကပ်ထား..
မတွေးတော့ဘူး.. ဦးနှောက်ကငြင်းဆန်စဲ..
မသိနိုင်တဲ့ .. ဒီကံတရား..

အိုခြေလှမ်းများပြင်ဆဲ.. မင်းကျောခိုင်းရင်လည်း..
ငါဟာခွင့်လွတ်တယ်..မင်းဘယ်လမ်းရွေးမလဲ..


ဘာဖြစ်ဖြစ်မင်းကိုချစ်မယ်..
ငါ့အသည်းကိုခွဲခဲ့လည်း..
အရင်တိုင်းပဲမင်းကိုချစ်မယ်..
ယူပါ.. အချစ်တို့.. ငါ့ဝဋ်ကြွေး..
ယူပါ.. မိန်းကလေး..

ဆုံးဖြတ်လိုက်.. အလွမ်းများသာငါ့အတွက်ထားခဲ့မလား..
မဟောင်းနွမ်းသေးတဲ့.. အနမ်းများနဲ့..
ငါအသက်ရှင်ရမလား.. မျှော်လင့်ချက်မဲ့တဲ့ နှုတ်ခမ်းတစ်စုံနဲ့..
ဒီချစ်ခြင်းဒီမှာပြီးဆုံးမလား..

အိုခြေလှမ်းများပြင်ဆဲ.. မင်းကျောခိုင်းရင်လည်း..
ငါဟာခွင့်လွတ်တယ်..မင်းဘယ်လမ်းရွေးမလဲ..

ဘာဖြစ်ဖြစ်မင်းကိုချစ်မယ်..
ငါ့အသည်းကိုခွဲခဲ့လည်း..
အရင်တိုင်းပဲမင်းကိုချစ်မယ်..
ယူပါ.. အချစ်တို့.. ငါ့ဝဋ်ကြွေး..
မင်းအတွက်ပဲဟေ့..

အရင်းနီးဆုံးအိပ်မက်လေး.. ပျောက်ကွယ်သွားတော့မလား..
ဟိုတစ်ချိန်ကချစ်ခဲ့ခြင်းတွေလည်း.. မေ့ပစ်လိုက်ဖို့မင်းမပြောနဲ့..

ဘာဖြစ်ဖြစ်မင်းကိုချစ်မယ်..
ငါ့အသည်းကိုခွဲခဲ့လည်း..
အရင်လိုချစ်ဆဲပေါ့ကွာ..
ယူပါ.. အချစ်တို့.. ငါ့ဝဋ်ကြွေး..
ယူပါ... မိန်းကလေး..

Download Link - Mirror

0 comments:

Post a Comment