အားလုံးရဲ့မျက်ရည်..ကိုယ်စီဆုတောင်းခြင်းများနဲ့..
ငိုသံတွေ.. ဒီကမ္ဘာမှာကြားခဲ့သမျှ..
မိဘမဲ့ကလေးများ.. အမေရေခေါ်တဲ့အသံများလား..
ဖြေနိုင်စရာ.. ရင်ခွင်တွေရှားပါးခဲ့ကြ..
မျှော်လင့်ချက်နဲ့အသက်ရှင်တဲ့..လူတွေနှလုံးသားချင်းလက်ကမ်း..
နေရောင်အောက်ကခင်းမယ့်လမ်း..
မျှော်လင့်သော.. တို့ရဲ့လက်တွေတွဲထား..
မဆုံးသော..ဒုက္ခမြစ်ရေစီးဆင်း..
လက်များ.. လက်များ.. ခိုင်မြဲလို့နေပြီ..
ဆာလောင်မှုများနဲ့.. ရာသီကပ်ဆိုးများကြားက..
ခေါ်သံတွေ.. ငိုသံတွေကြားခဲ့ရ...
ခန္ဓာကိုယ်ချို့တဲ့.. နာကျဉ်းချက်များလား..
ရင်ဆိုင်စရာ.. ဖြေနိုင်စရာမရှိခဲ့ကြ..
မျှော်လင့်ချက်နဲ့အသက်ရှင်တဲ့..လူတွေနှလုံးသားချင်းလက်ကမ်း..
နေရောင်အောက်ကခင်းမယ့်လမ်း..
မျှော်လင့်သော.. တို့ရဲ့လက်တွေတွဲထား..
မဆုံးသော..ဒုက္ခမြစ်ရေစီးဆင်း..
လက်များ.. လက်များ.. ခိုင်မြဲလို့နေပြီ..
အတွေးတိုင်း.. ခံစားချက်ကိုယ်နဲ့နှိုင်း.. ( ပေးစပ်ခြင်းနဲ့ )
လူသားချင်းဒီစက်ဝိုင်း.. ရင်ထဲမှာရှိတဲ့အတိုင်း.. ( ပေးစပ်ခြင်းနဲ့ )
အကောင်းဆုံး.. လူလောကမှာနေတုန်း.. ( ပေးစပ်ခြင်းနဲ့ )
ကိုယ်စွမ်းသလောက်ပြင်ဆင်အုံး.. ရင်ထဲမှာအကျေနပ်ဆုံး... ( ပေးစပ်ခြင်းနဲ့ )
မျှော်လင့်ချက်နဲ့အသက်ရှင်..လူတွေနှလုံးသားချင်းလက်ကမ်း..
နေရောင်အောက်ကခင်းမယ့်လမ်း..
မျှော်လင့်သော.. တို့ရဲ့လက်တွေတွဲထား..
မဆုံးသော..ဒုက္ခမြစ်ရေစီးဆင်း..
လက်များ.. လက်များ.. ခိုင်မြဲလို့နေပြီ.. ဟေ့..
လက်များ.. တို့လက်များ.. ခိုင်မြဲလို့နေပြီ.. ...
Download Link - Mirror
0 comments:
Post a Comment