Thursday, February 18, 2010

နိစ္စဓူဝ

တေးရေး- လင်းလင်း

အသက်တရက်ကြီးဖို့မိုးလင်းခဲ့
ဦးခေါင်းထဲ မှိုတတ်ရင်းနဲ့
မျက်စိမှိတ်ဖို့ တစ်ရက်နီးကပ်
အားလုံး တစ်ရက်တစ်ရက် ချို့ယွင်းခဲ့
တွေ့လိုက် ပျောက်လိုက် မေ့လိုက်နဲ့
ဘ၀ရဲ့ဇောထဲ လွင့်မျောခဲ့

ဒုက္ခ သုခ ရထားကြီးထဲ
ပြုံးလိုက်မဲ့လိုက် နေရင်းနဲ့
ပါးစပ်နဲ့မစံ့တဲ့စကားလုံးများ
ပြောဖို့ကြိုးစားကြရင်းက
ရောနှောထားတဲ့ အကျိုးအကြောင်းများ
သိလိုက် မသိလိုက် ဖြစ်ရင်းနဲ့
အိပ်ပျက် စားပျက် အလုပ်တစ်ဖက်နဲ့
အတွေးထဲ နှိပ်စက် အရုပ်ကြိုးပြတ်
ညမနက် ဇောကပ် အမောဆို့ခဲ့
နောက်တစ်ရက် နောက်တစ်ရက် ဖြတ်ရင်းနဲ့
အိုး.. မဟောင်းနွမ်းသေးတဲ့ နေ၀င်ချိန်များ
အိုး.. မထူးဆန်းသေးတဲ့ မိုးလင်းချိန်များ
နိစ္စဓူဝ အလုပ်တစ်ဖက်နဲ့ / နားငြီးခဲ့
နိစ္စဓူဝ လမ်းလျှောက်ဆဲ / စကားများဆဲ
နိစ္စဓူဝ မိုးချုပ်ခဲ့ / မိုးလင်းခဲ့
နိစ္စဓူဝ.. နိစ္စဓူဝ
မျက်လုံးဖွင့်တဲ့အဓိပ္ပါယ် ဘယ်လိုလဲ
မျက်စိမှိတ်လမ်းလျှောက်ငါ စဉ်းစားခဲ့
မေးခွန်းများကြား ခေါင်းနှစ်ခါ ရှာဖွေခဲ့
အားလုံးဟာ.. အားလုံးဟာ ရူပ်ယှက်ခတ်လို့

Download Link - Mirror

0 comments:

Post a Comment