Saturday, February 20, 2010

ဝေး

တေးရေး - လင်းလင်း

မင်းမျက်နှာလေး.. မျှော်လင့်တုန်း..
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း..
ပြန်မဆုံနိုင်အောင်တို့တွေ.. အဝေးဆုံး ဝေး..
ပင်လယ်ပြင်ကျယ်တွေ တံတိုင်းများခြား ဝေး..

ဖြစ်ပျက်ပုံလေးတွေ ရင်ထဲ နိုးကြားခဲ့..
နေ့ရက်ရှည် အနမ်းတွေ လန်းဆန်းနေဆဲ..
ပြန်မမြင်နိုင်အောင် တို့တွေ အဝေးဆုံး ဝေး..
လွင်ပြင် ကျယ်ကျယ်တွေ စည်းများခြား ဝေး..

ပင်လယ်ပြင်ကျယ်ကြီး တစ်ဖက်စီ
လွင်ပြင်ကြီးတစ်ဖက်စီ နံရံကြီးတစ်ဖက်ဆီ ဝေး..
မိုးသားများရဲ့ဝေး/ အလင်းတန်းများရဲ့ဝေး

မင်းမျက်နှာလေး မျှော်လင့်တုန်း
မင်းရဲ့ပုံရိပ်တွေ ခမ်းနားနေတုန်း
မိုးသားများထဲ မင်းရဲ့လက်တွေ ဖြန့်ကျက်ထား..
အချစ်ရဲ့ သဘောများ အဆုံးထိ မင်းရှာလိုက်..

Download Link - Mirror

0 comments:

Post a Comment